Portugal 2 - 1 Croatia [ FT ]
⚽ Perisic
⚽ Ronaldo ( pen )
⚽ Ramos
နောက်ထပ် ဒရာမာဆန်တဲ့ တပွဲပါပဲ ။ ပေါ်တူဂီ ပြုတ်တော့မယ်လို့ ထင်ရလောက်အောင် ဒုတိယပိုင်း ကစားပုံက ဆိုးတာပါ ။ ဦးဆောင်ဂိုးကိုလည်း ခရိုအေရှားက ရကှိသွားပြီ ပါရီဆစ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားပါတယ် ။ သိပ်မကြာခင်မှာ ရော်နယ်ဒို ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းပေမဲ့ လူအနည်းငယ် ကျွံနေခဲ့ပါတယ် ။ ထို့နောက် ရော်နယ်ဒိုကပဲ ပယ်နတီကနေ ချေပဂိုး သွင်းလိုက်ပြီး အချိန်ပို ရောက်တော့မယ် ဆဲဆဲမှာပဲ ဂွန်ကာလို ရာမို့စ်က အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ် ။ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ ခရိုအေးရှား ေချပဂိုး ရခဲ့ေပမဲ့ လူကျွံနေခဲ့လို့ ပေါ်တူဂီတို့ပဲ ၁၆ သင်း အဆင့်မှာ စပိန်နဲ့ တွေ့ပါပြီ ။
Photo crd