England 2 - 1 DR Congo [ FT ]  ⚽ Cipenga ⚽⚽ Harry Kane

England 2 - 1 DR Congo [ FT ] ⚽ Cipenga ⚽⚽ Harry Kane

02 Jul, 2026
အဂ်လန်တို့ ခဲရာခဲဆစ် ကန်ယူပြီးနောက်မှာတော့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ် ။ ပထမပိုင်း ရေသောက် နားပြီးချိန်ထဲက အဂ်လန် တိုက်စစ် အခွင့်အရေးတွေ ရခဲ့ပေမဲ့ DR Congo ဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ် ။ ပထမပိုင်းမှာ အလုပ် မဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ် အစား ဂေါ်ဒွန် ထည့်လိုက်မှ အဆင်ပြေသွားပြီး အဂ်လန်ရဲ့ ဂိုးတွေကိုတော့ ဟာရီကိန်းကပဲ သွင်းယူပြီး နောက်တဆင့် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။
DR Congo နဲ့ ပွဲမှာ ၂ ဂိုးသွင်းပြီးနောက် ဟာရီကိန်းဟာ ဒီရာသီ ကလပ် အတွက်ရော ၊ နိုင်ငံ အတွက်ပါ
စုစုပေါင်း သွင်းဂိုး ၇၂ ဂိုး အထိ ရှိလာပါပြီ ။ ဒါဟာ
သေချာပေါက် ဘာလွန်ဒေါ ပေးလို့ ရတဲ့ မှတ်တမ်းပါ ။ ထို့အပြင် လက်ရွေးစင် အတွက်လည်း သွင်းဂိုးက ၈၇ ဂိုး အထိ ရှိလာပါပြီ ။ သွင်းဂိုးတွေ အပြင်
ဟာရီကိန်းက ပွဲတပွဲမှာ လုပ်နိုင်တဲ့ အရာတွေက
အများကြီးပါ ။ ပြိုင်ဘက်ဆီက ဘောလုံးကို
ကောင်းကောင်း ဖိအားပေးနိုင်ပြီး ၊ ခံစစ်ကို
ဆင်းကူသလို ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်ပြီး
အခွင့်အရေး ဖန်တီးနိုင်တဲ့ အထိ ပွဲတပွဲပေါ်
လွှမ်းမိုးမှုက ကြီးလွန်းပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှုးဝင် ဆိုတာ စပါးထဲက သက်သေ
ပြထားသူ ဖြစ်ပြီး အခု လက်ရှိမှာတော့ perfect
striker ဆို ဟာရီကိန်းကို ညွှန်ပြရပါမယ် ။
အကြောင်းကြောင်းကြောင့် အသင်းလိုက် ဆုဖလားတွေမှာ အားနည်းနေပေမဲ့ ၊ လက်ရှိ ကစားနေတဲ့
ဘိုင်ယန်ကြောင့် ဘာလွန်ဒေါ ဆိုတာ ကောင်းကောင်းကြီး မျှော်လင့်လို့ ရပြီး ၊ လက်ရှိ
အင်္ဂလန်သာ အောင်မြင်ခဲ့ရင် ဒီနှစ်မှာတင် ပေးလို့ရတဲ့ ခြေစွမ်းကြီးပါ ။