အာဆင်နယ် ဂန္တဝင် ကစားသမား ဖြစ်သူ ရော်ဘင် ဗန်ပါစီဟာ ဖိုင်ယန်နော့ နည်းပြ ရာထူးမှ အထုတ်ပယ်ခံလိုက်ရ

အာဆင်နယ် ဂန္တဝင် ကစားသမား ဖြစ်သူ ရော်ဘင် ဗန်ပါစီဟာ ဖိုင်ယန်နော့ နည်းပြ ရာထူးမှ အထုတ်ပယ်ခံလိုက်ရ

09 Jun, 2026
အာဆင်နယ် ဂန္တဝင် ကစားသမား ဖြစ်သူ ရော်ဘင် ဗန်ပါစီဟာ ဖိုင်ယန်နော့ နည်းပြ ရာထူးမှ
အထုတ်ပယ်ခံလိုက်ရကြောင်း အသင်းဘက်က
တရားဝင် ကြေငြာခဲ့ပါတယ် ။

ဖိုင်ယန်နော့ဟာ နယ်သာလန်လိဂ်မှာ အဆင့် ၂ နဲ့
ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပေမဲ့ ချန်ပီယံ ဖြစ်သွားတဲ့
PSV နဲ့ အဆင့် ၁၉ မှတ် အထိ ကွာဟနေပါတယ် ။
ဆက်တိုက် ထွက်ပေါ်လာသော သတင်းများ အရ
ဖိုင်ယန်နော့ နည်းပြသစ် အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို ယူရိုပါ ကွန်းဖရန့်စ်လိဂ် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အိုလီဗာ ဂလက်စနာက ရေပန်းစားနေပါတယ် ။