ဆန်ချိုမန်ယူအသင်းမှအလွှတ်ဖြင့်ထွက်ခွါ

ဆန်ချိုမန်ယူအသင်းမှအလွှတ်ဖြင့်ထွက်ခွါ

10 Jun, 2026
ဂျေဆင် ဆန်ချိုဟာ စာချုပ် သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းမှ အလွတ်ဖြင့် ထွက်ခွာသွားကြောင်း မန်ယူနိုက်တက်က တရားဝင် ကြေငြာခဲ့ပါတယ် ။ ဆန်ချိူဟာ ၂၀၂၁ ခုနှစ်က ဒေါ့မွန်မှ ယူရို ၈၅ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပုံမှန် ခြေစွမ်း မပြနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အတွက် ၈၃ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၆ ဂိုးပဲ ဖန်တီး နိုင်ခဲ့တဲ့ အပြင် နည်းပြ အသီးသီးနဲ့ အဆင် မပြေတာကြောင့် ဒေါ့မွန် ၊ ချယ်လ်ဆီး နဲ့ ဗီလာ တို့မှာ အငှားထွက် ကစားနေရတာပဲ ဖြစ်ပါတယ် ။