- မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူမယ့် အချက်ကို ဘာစီလိုနာအသင်းက အကောင်အထည်ဖော်မှာ မဟုတ်တော့ပါ

- မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူမယ့် အချက်ကို ဘာစီလိုနာအသင်းက အကောင်အထည်ဖော်မှာ မဟုတ်တော့ပါ

10 Jun, 2026
အန်သိုနီ ဂေါ်ဒွန် (Gordon) ကို ခေါ်ယူပြီးနောက်မှာတော့ ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်အတွက် သတ်မှတ်ထားတဲ့ ယူရို ၃၀ သန်းတန် အပြီးသတ်ဝယ်ယူခွင့် အပိုဒ်ခွဲကို ဆက်လက်အသုံးပြုသွားမှာ မဟုတ်တော့ပါဘူး။ ➡️ ဒါပေမဲ့ နည်းလမ်းသစ်တွေအတွက်တော့ တံခါးဖွင့်ထားဆဲပါပဲ။ 👀🏴󠁧󠁢󠁥󠁮󠁧󠁿
တကယ်လို့ မန်ချက်စတာယူနိုက်တက်ဘက်ကသာ နောက်ထပ် အငှားစာချုပ်သစ်တစ်ခုအတွက် လမ်းဖွင့်ပေးမယ်ဆိုရင်တော့ ဘာစီလိုနာအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားဖို့ ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ စဉ်းစားသွားနိုင်ပါတယ်။
အပြီးသတ်ဝယ်ယူခွင့်စာချုပ်သက်တမ်းဟာ ၅ ရက်အတွင်း သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အနာဂတ်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မူလကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။
ဘာကာမှာပဲ နောက်ထပ်တစ်ရာသီ အငှားဆက်နေမလား? ဒါမှမဟုတ် ယူနိုက်တက်ဆီပဲ ပြန်မလား? 🫵🏼🍿