ရန်ကုန်မြို့၊ တရုတ်တန်းရှိ လမ်းပေါ်ဆိုင်ခင်းခွင့် ပိတ်ပင်ထားသော ၁၉ လမ်း စားသောက်တန်းကို စစ်ကောင်စီ၏ ဒေသအာဏာပိုင်များက ယတြာချေသည့် (ဓာတ်ရိုက်ဓာတ်ဆင်) သဘောမျိုးဖြင့် ယနေ့ ဇွန်လ ၉ ရက် ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသခံစားသောက်ဆိုင်အချို့ထံမှ သိရသည်။
🔢 (၁၉) ဂဏန်း ယတြာ ကိုက်ညီမှုများ
အဆိုပါ လမ်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်သည် ဂဏန်းဗေဒင် ယတြာအရ တမင်တကာ တိုက်ဆိုင်ညှိနှိုင်းထားခြင်းဖြစ်ကြောင်း ၁၉ လမ်းရှိ ဆိုင်ဝန်ထမ်းတစ်ဦးက ယခုလို ရှင်းပြထားသည်။
ရက်စွဲ (အင်္ဂလိပ်): ဇွန်လ ၉ ရက်
ရက်စွဲ (မြန်မာ): နယုန်လဆန်း ၁၀ ရက်
ပေါင်းလဒ်: ၉ + ၁၀ = ၁၉
လမ်းအမည်: ၁၉ လမ်း
ဖွင့်လှစ်မည့်အချိန်: ညနေ ၁၉ နာရီအတိ (ည ၇ နာရီ)
"အင်္ဂလိပ်လို ၉ ရက်၊ ဗမာလိုကျ ၁၀ ရက်နေ့၊ နှစ်ခုပေါင်းတော့ ၁၉ ဂဏန်းဗျာ၊ လမ်းအမည်ကလည်း ၁၉ လမ်း၊ ဖွင့်မဲ့အချိန်ကလည်း ၁၉ နာရီအတိမှာတဲ့" ဟု ၎င်းဆိုင်ဝန်ထမ်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်များနှင့် လမ်းပေါ်ဆိုင်ခင်းခြင်းများကို အာဏာပိုင်များက တင်းကျပ်စွာ ပိတ်ပင်ထားသော်လည်း ယခုကဲ့သို့ ဂဏန်းတိုက်ဆိုင်မှုများရှိသည့် နေ့ရက်တွင် ယတြာသဘောမျိုးဖြင့် လမ်းအား ပြန်လည်ဖွင့်လှစ်ခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။