(ONE Championship) ၏ သောကြာနေ့ညစဉ်ပွဲစဉ်တစ်ခုဖြစ်သည့် ONE Friday Fights 158 ရောက်ရှိလာတော့မည် ဖြစ်ပြီး ယခုအပတ်တွင် မြန်မာပရိသတ်များအတွက် အထူးစိတ်လှုပ်ရှားစရာအဖြစ် မြန်မာ့လက်ဝှေ့ကြယ်ပွင့် ကျော်စွာဝင်း (Kyaw Swa Win) ပါဝင်ထိုးသတ်သွားမည် ဖြစ်သည်။
ယခုပွဲစဉ်တွင် ထိုးချက်အရှိန်အဟုန်ပြင်းပြီး ပရိသတ်အကြိုက် ကစားကွက်ရှိသည့် စတိုက်ကာ (Striker) နှစ်ဦးဖြစ်သော မိုင်ဆန်ကမ် (Maisangkum) နှင့် ပက်နမ်ခေါင် (Petnamkhong) တို့၏ စပါးမွှန်းတန်း (Strawweight) မွေထိုင်းပွဲကြမ်းကြီးအပြင်၊ မြန်မာ့ဂုဏ်ဆောင် ကစားသမား ကျော်စွာဝင်း၏ ပွဲစဉ်ကလည်း ပြိုင်ပွဲတစ်ခုလုံးကို ပိုမိုအသက်ဝင် စိတ်လှုပ်ရှားစရာကောင်းအောင် ရေချိန်မြှင့်တင်ပေးနေသည်။