ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် ခရစ္စတီယာနို ရိုနယ်လ်ဒိုနှင့်အတူ တွဲဖက်ကစားခဲ့ဖူးသည့် ဘရာဇီးလ်နောက်ခံလူ ဒန်နီလိုက ရိုနယ်လ်ဒို၏ ကွင်းပြင်ပက သဘာဝကျပြီး သာမန်လူသားတစ်ဦးကဲ့သို့ နေထိုင်တတ်ပုံကို အခုလိုပဲ ရယ်မောလျက် ထုတ်ဖော်ပြောကြားခဲ့သည်။
"လူတွေက ခရစ္စတီယာနိုကို ဂြိုဟ်သားတစ်ယောက် (ထူးခြားဆန်းပြားလွန်းသူ) လို့ ထင်နေကြတာ။ ဒါပေမဲ့ တကယ်တော့ သူဟာ ရယ်မောတတ်ပြီး အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်တဲ့ သာမန်လူသားတစ်ယောက်ပါပဲ။"